Printer & Copier တွေမှာဘာလို့ Original ဆေးတွေကိုသုံးသင့်လဲ ?
Printer & Copier တွေဆိုတာက သုံးရင်ဆေးကုန်တတ်တဲ့အမျိုးတွေဆိုတော့ ပြန်ပြန်ဖြည့်ရတာက မဆန်းပါဘူး။ အဲ့လိုပြန်ဖြည့်တဲ့နေရာမှာ ကိုယ်သုံးနေတဲ့ Printer & Copier ကိုထုတ်တဲ့မူရင်း company ကနေရောင်းပေးတဲ့ original Toner ဆေးတွေရှိသလို၊ တခြား Third party company တွေကနေ ထုတ်တဲ့ဆေးမျိုး တွေလဲရှိတယ်။ အဲ့လိုမှာမှ သုံးပြီးသားမှင်ဘူးကို ပြန်ပြီး refill လုပ်ရတဲ့ အမျိုးအစားတွေရှိသလို၊ ဘူးပါပြီးသား Cartridges Toner တွေလဲရှိတတ် တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့ အကြံပေးချင်တာတော့ original ဆေးတွေကိုပဲ သုံးဖို့ပါပဲ။
Original Toner ဆေးတွေက ပုံမှန်အားဖြင့် ဈေးနည်းနည်း ပိုကြီးတယ်ဆိုပေမယ့် Third party company တွေကနေ ထုတ်တဲ့ဆေးတွေ ထက်ပို သုံးသင့်တဲ့အချက်တွေ အများကြီးရှိပါတယ်။ Original မဟုတ်တဲ့ Third party ဆေးတွေမှာ အဓိကဖြစ်တတ်တဲ့ ပြသနာတွေကတော့ ဆေး quality မကောင်းတာ၊ စာ မညီတာ၊ ပုံတွေဝါးနေတာ၊ အရောင်မမှန် တာ၊ အရောင်မှိန်တာ၊ ဆေးသား ကြာကြာမခံတာတွေပါပဲ။ တစ်ချို့ Quality တော်တော် မကောင်းတဲ့ Third party ဆေးတွေသုံးမိမယ်ဆိုရင် ဆေးယိုတာ၊ စာရွက်ညပ်တာမျိုးတွေ အထိဖြစ်နိုင်ပြီး မူရင်း company ကပေးတဲ့ warranty မရတာမျိုးတွေအထိ ဖြစ်သွားနိုင်ပါတယ်။
Original ဆေးတွေမှာတော့ အပေါ်က ပြသနာမျိုးတွေဖြစ်တာ မရှိသလောက် နည်းပါတယ်။ ဒါကြောင့် ကိုယ့် ရုံး ဒါမှမဟုတ် အိမ်က printer & copier ကို သက်တမ်းကြာကြာ သုံးချင်တယ်၊ သုံးတဲ့အချိန်မှာလဲ စိတ်ရှုပ်မခံချင်ဘူး ဆိုရင် မူရင်း company ကထုတ်တဲ့ original ဆေးတွေကိုပဲ သုံးသင့်ပါကြောင်း