မိုးရာသီကို စတင်ဝင်ရောက်လာပြီ ဖြစ်လို့ မိုးတွင်းမှာ အဖြစ်များဆုံးဖြစ်တဲ့ Copier တွေထဲမှာ ရေငွေ့ရိုက်ခြင်း၊ ရေဝင်ခြင်းများ ဖြစ်တတ်လို့ မိုးရာသီမှာ ကြုံတွေ့ရတတ်တဲ့ Copier/Printer လေးရဲ့ အခက်အခဲလေးတွေ အကြောင်း ဝေမျှပေးပါရစေ။
မိုးရာသီလို့ ဆိုလိုက်သည်နှင့် မိုးရေတွေ ၊ အေးစိမ့်မှုတွေ၊ ရေငွေ့တွေ ၊ စိုစွတ်မှုတွေကို ကိုစတင်ခံစားလာရတာပါပဲ။ မိုးရာသီမှာ များသောအားဖြင့် Copier တွေ laser types imaging system သုံးတဲ့ multifunction printer များမှာတော့ ရေငွေ့ရိုက်ခြင်းပြသနာကို အများဆုံးခံရနိုင်ပါတယ်။ ထိုသို့ရေငွေ့ရိုက်မှုကြောင့် printer တွေမှာ Image Quality မှိန်တတ်ကြပါတယ်။
မိုးတွင်းပိုင်းမှာ printer တွေ image Quality ကျဆင်းသွားရခြင်း အချက် ၂ ချက်ရှိပါတယ်။Toner ဆေးသားကို ရေငွေ့ ရိုက်ခြင်း နဲ့Printer အထဲမှာ ရှိတဲ့ mirror များကို ရေငွေ့ရိုက်ခြင်းပဲဖြစ်ပါတယ်။
မှန်ချပ်တွေမှာ ရေငွေ့ ရိုက်တဲ့အခါမှာ မှန်တွေ ဝါးသွားပါတယ် သဘောကတော့ ရှင်းပါတယ် ဝါးသွားရင် အမြင်မကြည် လင်ပါဘူး။ ထို့အတူပဲ Multifunction copier စက်ကြီးတွေ မှာလည်း Laser မှာ ရေငွေ့ ရိုက်သွားရင် ပုံရိပ်သေချာမဖော်နိုင်ပဲ ဝါတားတား ဖြစ်တတ်ပါတယ်။ Scanner mirror တွေမှာလည်း ရေငွေ့ ရိုက်ရင် ပုံရိပ်ကို ကောင်းစွာ မဖတ်နိုင်တဲ့အတွက် Image Quality ကျဆင်းရပါတယ်။ ထို့နည်းတူ Laser printer များဖြစ်တဲ့အတွက် ထည့်သွင်းအသုံးပြုရသည့် Toner ဆေး မှုန့်များတွင်လည်း ရေငွေ့ရိုက်မှုကြောင့် ဆေးစိုထိုင်းခြင်း ၊ ဆေးစိုထိုင်းခြင်းမှတစ်ဆင့် ဆေးခဲခြင်း ပြသနာများကို ရင်ဆိုင်ရနိုင်ပါတယ်။ ထိုသို့ ရင်ဆိုင်ရပြီဆိုလျင် ပုံထွက်မှိန်ခြင်း ၊ ဆေးခဲခြင်းများ ဖြစ်လာတတ်ပါတယ်။ ထိုသို့ဆေးခဲခြင်းကြောင့် toner များ မာကျောသောအစိုင်အခဲ တစ်ခု အနေသို့ပြောင်းလဲသွားပြီး Drum unit, Developer unit , heater unit တို့ကိုပါ ဒုက္ခသွားပေးနိုင်ပါတယ်။ စာရွက်တွန့်ကြေပြီးထွက်လာတာ ဟာလည်း ရေငွေ့ ရိုက်ခြင်းကြောင့်ဖြစ်လာရတဲ့ အကျိူးဆက်တွေပါပဲ။မိုးရာသီမှာ စာရွက်တွေက အပြင် မှာ ထားတဲ့ အတွက် ရေငွေ့တွေ ကပ်ပြီးပါလာတတ်ပါတယ် ။ Copier စကူးလိုက်တာနဲ့ စက်က အပူ နဲ့ စာရွက်က အအေးဆိုတော့ temperature different ကြောင့် copy လဲကူးရော စာရွက်တွေက တွန့်လိမ်ပြီး ထွက်လာပါတော့တယ်။ စာရွက်တွေစိုထိုင်မှုကြောင့် စာရွက်တွေ ပူးထွက်ခြင်း ၊ Jam ဖြစ်ခြင်း တွန့်ကြေခြင်းတွ ဖြစ်တော့တာပါပဲ။ အဲ့လို မဖြစ်အောင်ကာကွယ်ဖို့ အတွက် စာရွက်တွေကို စိုထိုင်းမှုကင်းအောင် အပြင်မှာ မီးလုံးလေးတွေ နဲ့ အပူပေးကြပါတယ်။ Kyocera MFP တွေ မှာတော့ စိုထိုင်းမှုတွေ မဖြစ်အောင် Paper Feeder တွေထဲမှာ building Heating system ပါလာပီးသားဆိုတော့ အခက်အခဲတစ်ခုအနေနဲ့ ပြောပြစရာတောင်မလိုတော့ပါဘူးနော်။နောက်ဆုံးအချက်အနေနဲ့ ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေကို ဝေမျှပါရစေ။ Copier ကို ရေငွေ့အလွယ်တကူ ရိုက်နိုင်မယ့်နေရာ မှာမထားဖို့ လိုအပ်ပါတယ်၊၊ စက်များကို ပြတင်းပေါက်တည့်တည့် အဆောက်အဦး အပြင်ဘက်တွေမထားရှိဖို့ လိုအပ်ပါတယ်။ Watercooler တွေနား စိုစွတ်တဲ့ တိုက်နံရံ တွေ နားမထားဖို့သတိထားရပါမယ်။ Aircon air flow တည့်တည့်နေရာမထားဖို့ လည်းလိုအပ်ပါတယ်။
အထက်ပါအကြောင်းအရာတွေ ကို သတိချပ်လိုက်မယ်ဆိုရင် မိုးရာသီမှာ စိုစွတ်ခြင်းကင်းတဲ့ အရောင်မှိန်ခြင်း၊ စာရွက်တွေတွန့်ကြေခြင်း၊ စာရွက်တွေ ပူးထွက်ခြင်း ပြသနာများ ကို ကောင်းမွန်စွာဖြေရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်နော်။
လူကြီးမင်းတို့၏ ရုံးလုပ်ငန်းကိစ္စရပ်များ ပိုမိုထိရောက်မြန်ဆန်စေရန် Copier / Printer နှင့်ပက်သတ်သည့် လိုအပ်ချက်များပိုမိုလွယ်ကူ ကောင်းမွန်အောင် ပြုလုပ်ပေးနိုင်ဖို့ အသင့်ရှိနေတဲ့ …. Kyocera Authorized Distributor Yangon Sale Office: Building-16, Room-102, Global Tower, Myanmar ICT Park, Hlaing University Campus, Hlaing Township, Yangon. Naypyitaw Sale Office: Pa 47, Myo Ma Market, Naypyitaw Hotline: +959400888851, +959400888852, +9595063084