📍Fuser Unit ဆိုတာ Laser System ဖြစ်တဲ့ copier, printer စက်တိုင်းမှာ အရေးပါတဲ့ Unit တစ်ခုဆိုရင်မမှားပါဘူး။📍Drum က နေ စာရွက်ကို ဆေးတင်ပေးလိုက်တဲ့ ပုံရိပ်တိုင်းကို စာရွက်မှာ ပုံရိပ်မြဲစေရန်အတွက် ရာဘာ အပူချောင်းတွေနဲ့ ဖိကြိတ်ပေးလိုက်တဲ့ ပစ္စည်းပါပဲ။ paper ဟာ fusing unit ထဲက Heat Roller , Press Roller တွေနဲ့ ကြားမှာ press လုပ်ပေးလိုက်တဲ့အတွက်ကြောင့် စာရွက်ကော ပုံရိပ်ကော Quality ပိုကောင်းလာရခြင်းဖြစ်ပါတယ်။ဟုတ်ကဲ့ ကျွန်တော်တို့ အရေးမကြီးဘူးလို့ သတ်မှတ်ထားလို့ရတဲ့ အကြမ်းခံတဲ့ Unit ဖြစ်ပေမဲ့ တစ်ကယ်က အရမ်းအရေးကြီးနေပါတယ်။📍စာရွက်တစ်ရွက် မိတ္တူကူးခြင်း၊ print ထုတ်ခြင်းများအတွက် စာရွက်အပြင်ကိုရောက်လာပြီး လုပ်ငန်းတစ်ခုပြီးမြောက်ဖို့အတွက် စာရွက်ဟာ Heater unit နဲ့ Exit unit ကိုဖြတ်ပြီး ထွက်လာပေးရပါတယ်။📍စာရွက်ထွက်ဖို့က အဓိကဖြစ်လာပါတယ်။ quality မကောင်းတာက မှေးသုံးလို့ရပါသေးတယ်။ စာရွက်မထွက်ဘူး ၊ Paper Jam တွေချည်းပဲပြနေရင်တော့ အလုပ်မတွင်ကျယ်စေပါဘူး၊ စိတ်ပန်း လူပန်းဖြစ်ရပါတယ်။ဒါ့ကြောင့် Fuser Unit ကောင်းမွန်စေရန် အထူးသတိထားရပါမယ်။ စက် location သေချာထားပေးရပါမယ်။📍စာရွက်စာသားမကောင်းခြင်း ၊ တစ်ဖက်လွတ် အနားမညီစာရွက်များသုံးခြင်း ၊ စာရွက် gm မတူခြင်း အထူအပါး၊ အကြမ်းအချော၊ စိုစွတ်သော ၊ မသန့်ရှင်းသော၊ သဲ ဖုန်မှုန့်များ ကပ်ပါလာသော စာရွက်များ Heater Unit ထဲကို ဖြတ်ပါကဖြစ်ပေါ်လာနိုင်တဲ့ ပြသနာလေးတွေကတော့ ….🖨 Paper Jam ဖြစ်နိုင်ပါတယ်။🖨 စာရွက်မထွက်နိုင်ဖြစ်တတ်ပါတယ်။🖨 Quality မကောင်းဖြစ်တတ်ပါတယ်။🖨 Heat Roller မှာ စာရွက်တွေလိပ်ပြီးကပ်သွားတတ်ပါတယ်။🖨 ဘာဂျာညှပ်တတ်ပါတယ်။🖨 အပူ ချိန်မနိုင်ပဲဖြစ်တတ်ပါတယ်။🖨 Jam ဖြစ်သွားတဲ့ စာရွက်များထုတ်တဲ့အခါ အချွန်အတက်များဖြင့်မထိုးရပါ။Roller များပေါက်ပြဲတတ်ပါတယ်။🖨 Gear များ ညှပ်တတ်ပါတယ် ၊ ကျိုးတတ်ပါတယ်။ဒါ့ကြောင့်မို့ အထက်ပါ အဖြစ်အများတတ်တာလေးတွေကို သတိချပ်စေခြင်းဖြင့် မိမိတို့ Printer စက်များ ကြာရှည် မှန်ကန်စွာ အသုံးပြုနိုင်ပါစေကြောင်းဆန္ဒပြုလိုက်ရပါတယ်။
လူကြီးမင်းတို့၏ Copier / Printer နှင့်ပက်သတ်သည့် လိုအပ်ချက်များပိုမိုလွယ်ကူ ကောင်းမွန်အောင် ပြုလုပ်ပေးနိုင်ဖို့ အသင့်ရှိနေတဲ့ ….Kyocera Authorized Distributor📍 Yangon Sale Office: Building-16, Room-102, Global Tower, Myanmar ICT Park, Hlaing University Campus, Hlaing Township, Yangon.📍 Naypyitaw Sale Office: Pa 47, Myo Ma Market, Naypyitaw☎️ Hotline: +959400888851, +959400888852, +9595063084